Category: JavaScript/ES6

Arrow Function aka Fat Arrow Function

By Set Kyar Wa Lar 11 months ago
post image

ဒီနေ့ရေးသားမယ့် အကြောင်းအရာကတော့ ES6 Arrow Function ပဲဖြစ်ပါတယ်။ Arrow function က အမြဲတမ်း anonymous function တွေဖြစ်ပါတယ်။ ပုံမှန် array တစ်ခုထဲမှာရှိတဲ့ array elements တွေကို ၂ နဲ့မြှောက်ချင်ရင် အောက်ဖော်ပြပါအတိုင်းရေးသားကြပါတယ်…

const nums = [10, 20, 30, 5, 8, 4, 12];
const  Numbers = nums.map(function(n) {
    return n * 2;
});
//[20, 40, 60, 10, 16, 8, 24]

ကျွန်တော်တို့ arrow function နဲ့ဆိုရင်တော့ အောက်ဖော်ပြပါအတိုင်းရေးသားပါတယ်…

const nums = [10, 20, 30, 5, 8, 4, 12];
const  Numbers = nums.map((n) => {
    return n * 2;
});
//[20, 40, 60, 10, 16, 8, 24]

အထက်ဖော်ပြပါ code block နှစ်ခုမှာဆိုရင် ပထမ တစ်ခုမှာ function ဆိုတာပါပြီးတော့ ဒုတိယတစ်ခုမှာ function မပါတော့ပဲ => ကိုပဲသုံးလိုက်တာပါ။ အထက်ဖော်ပြပါ arrow function မှာမှ parameter တစ်ခုပဲပါတဲ့အတွက် parameter က () ဖြုတ်ပြီး အောက်ဖော်ပြပါအတိုင်း ရေးလို့ရပါသေးတယ်…

const nums = [10, 20, 30, 5, 8, 4, 12];
const  Numbers = nums.map(n => {
    return n * 2;
});
//[20, 40, 60, 10, 16, 8, 24]

နောက်ထက်ကျွန်တော်တို့ explicit return ကိုသုံးပြီးတော့ return လုပ်မယ်ဆိုပြီး ဖော်ပြစရာမလိုဘဲ အောက်ဖော်ပြပါအတိုင်း ရေးသားလို့ရပါသေးတယ်…

const nums = [10, 20, 30, 5, 8, 4, 12];
const  Numbers = nums.map(n => n * 2);
//[20, 40, 60, 10, 16, 8, 24]

နောက်ဆုံးတစ်ခုအနေနဲ့က ကျွန်တော်တို့ parameter တစ်ခုမှမပါဘူးဆိုရင် () ထည့်ပြီးအောက်ဖော်ပြပါ နမူနာအတိုင်း ရေးသားရမှာပဲ ဖြစ်ပါတယ်။

const nums = [10, 20, 30, 5, 8, 4, 12];
const  Numbers = nums.map(() => 'Hello');
//["Hello", "Hello", "Hello", "Hello", "Hello", "Hello", "Hello"]

ဒီနေ့ article ကတော့ ဒီလောက်ပါပဲ။ နောက် article တွေမှာဆက်လတ်လေ့လာလိုက်ကြရအောင်။

I am Set Kyar Wa Lar
Follow me on Github or Twitter

Set Kyar Wa Lar
Set Kyar Wa Lar

About Author Section! Coming soon :)